ကျွန်ုပ်တို့ အကြောင်း

  အရှေ့မြောက်တံခါးသစ်သီးကုမ္ပဏီကို ၂၀၀၇  ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို ပိုမိုတိုးတက်စေရန် အဓိကထားရည်ရွယ်‌ဖော်ဆောင်လျက်ရှိသည့်အပြင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများကိုလဲ ကိုယ်ပိုင်စက်ရုံတည်ထောင်ကာ ထုတ်လုပ်ဖြန့်ဖြူးပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ 

      ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍမှ ထွက်ရှိသောထုတ်ကုန်များကို ပြည်တွင်းသာမက ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် ဈေးကောင်းရရှိစေရန်ရည်ရွယ်ပါသည်။ အရည်အသွေးကောင်းမွန်သောသီးနှံများဖြစ်ပေမယ့်လည်း ထုတ်ပိုးမှုတွင်အသုံးပြုသောပစ္စည်းကောင်းမှသာလျှင်ပိုမို မြင့်မားသောဈေးကွက်ကိုရောက်ရှိမှာဖြစ်ပါသည်။

     ဒါ့ကြောင့် သစ်သီးပို့ကုန်များ အရည်အသွေးမြှင့်တင်ရေးအတွက် ထုတ်ပိုးမှု အထောက်အကူပြုပစ္စည်းများကို ကျွန်ုပ်တို့ ကုမ္ပဏီက ကိုယ်တိုင်ထုတ်လုပ် ဖြန့်ဖြူး‌ပေးနေခြင်းဖြစ်ပါတယ်။ ဒါတင်မကသေး

စိုက်ခင်းသုံးပစ္စည်းများကို အရည်အသွေးမြင့်မားစွာ ထုတ်လုပ်ပြီး တောင်သူများဆီသို့တိုက်ရိုက်ရောင်းချပေးခြင်း ကိုအလေးထားဆောင်ရွက်လျက်ရှိပါသည်။

     ‘ တန်ကောင်းသက်သာ ‘ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ဈေးတန်၊ အရည်အသွေးကောင်း၊ အကုန်အကျသက်သာ‌စေသည်မှာ ကျွန်ုပ်တို့ အရှေ့မြောက်တံခါးသစ်သီး ကုမ္ပဏီမှထုတ်လုပ်သော စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများပင်ဖြစ်ပါသည်။ 

     ကျွန်ုပ်တို့သည် တောင်သူများ၏ စကားသံများ လိုအပ်ချက်များကို သိရှိနားလည်ပါသည်။ ထို့ကြောင့် ကုမ္ပဏီမှစိုက်ပျိုးရေးပညာရှင်များ ကိုယ်တိုင်ကွင်းဆင်းကာ သီးနှံများအထွက်တိုး အရည်အသွေးကောင်းမွန်စေရေးအတွက် နည်းပညာအကူအညီပေးခြင်းများကိုလဲ လုပ်ဆောင်လျက်ရှိပါသည်။

      အဓိကရည်ရွယ်သည်မှာ အရည်အသွေးကောင်းပြီး ရေရှည်တည်တံ့သော နည်းစနစ်များကို မျှဝေပေးသွားရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များဟာလဲ ပြည်တွင်းထုတ်ကုန် ဆိုသော်ငြား နိုင်ငံတကာအဆင့်မှီ အရည်အသွေးဖြစ်တာကြောင့် အခြားပစ္စည်းများနှင့် ယှဥ်လျှင် ဈေးနှုန်းအနည်းငယ်ကွာဟခြင်းကို ဦးကြီးများအနေဖြင့် နားလည်ပေးစေချင်ပါသည်။ ဒါ့ကြောင့် ကျွန်ုပ်တို့ ကုမ္ပဏီအနေဖြင့် တောင်သူဆီသို့ တိုက်ရိုက်ရောင်းချပေးသော စနစ်ကိုကျင့်သုံးကာ ကုန်ပစ္စည်းဈေးနှုန်းဖောင်းပွမှုကိုထိန်းချုပ်ထားပါသည်။

Scroll to Top